Wednesday, 7 March 2012

ကြက်ဥနဲ့ရောဂါကုမယ်

  အမေ နေမကောင်းတော့ မိသားစု ဆေးခန်းပြကြည့်တယ် ဖြစ်ပုံက
ချောင်းအဆက်မပြတ်ဆိုးနေတာလေ… ဆရာက ဓါတ်မှန်ရိုက်ပြီး
သလိပ်တွေပါစစ်ကြည့်ဖို့ အထူးကုနဲ့ ပြကြည့်ဖို့ပြောတယ်
ဓါတ်မှန်နဲ့သလိပ်စစ်ပြီးတော့ အဖြေက တီဘီ ရှိနေကြောင်းသိရတယ်
အဲဒီအချိန်မှာတီဘီဆေးသောက်ဖို့
ညွန်ကြားလို့ ဆရာနဲ့ပြန်ပြောပြီး
တီဘီဆေးသောက်ရတယ် ၂လကျော်ကြာတော့ လည်းသိပ်မသက်သာဘူး ဆေးကလည်း ပြင်းတော့
ဆံပင်တွေလည်းကျွတ်တယ် ဒီလိုနဲ့ဆေးတွေကပြန်ပြန်အန်ပြီး အသားဝါပါဝင်လာတော့
ဆရာက ဆေးကိုဆက်မသောက်စေဘဲ ဖြတ်ခိုင်းတယ် ဒါနဲ့အသိတစ်ယောက်က
မြန်မာဆေးသုံးမလားပြောတော့ အင်းပြောပါလို့ မေးကြည့်မိတယ်..
မေးလို့တာမေးတာပါ ဗမာဆေးကို မသုံးဘူးပါဘူး
အားနာလို့သာပြန်မေးမိတာပါသူပြောတဲ့ဆေးက မြန်မာဆေးလိုခေါ်ရအောင်လဲခက်တယ်
ထားပါတော့လေ

ဆေးနည်းက ဗမာကြက်ဥ ကိုခွဲ အ၀ါနှစ်ကိုဖယ် ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း
တစ်ဇွန်းစာရောပြီး တစ်နေ့ကို ၃ကြိမ်သောက်ဖို့ပြောတယ် အင်းအဲလိုဆိုရင်
ဆေးက ဗမာဆေးသဘော တော့မဟုတ်ဘူး ကြက်ဥဆိုတာကလဲ အားရှိစေတာဘဲ
ပျားရည်ဆိုတာကလည်း လူတိုင်းအတွက်ကောင်းတဲ့ဟာဆိုတော
စမ်းပြီးတိုက်ကြည့်မယ်ဆိုပြီး တိုက်ကြည့်တော့ ၁လတောင်မကြာသေးဘူး
ကောင်းသွားတယ် ဆရာကိုပြန်ပြကြည်တယ် ဓါတ်မှန်ရိုက်ခိုင်းတယ်
သလိပ်တွေပါစစ်ကြည့်တယ် တီဘီက မတွေ့တော့ဘူး ဆရာလဲတော်တော် အံသြော်နေတယ်
နောက်နှစ်လောက်ကြာတော့ အမေအစာအိမ်သွေးကြောပေါက်တယ် သွေးတွေအန်တယ် အန်တာမှ
သွေးခဲတွေရောတောင်ပါတယ် ၀မ်းကလဲ သွေးရောင်တွေပေါ့
နောက်ပိုင်းမည်းကိုလာတယ် အဲလိုဖြစ်တော့ အရင်ဆုံးဆရာ့ကိုပင့်ပြီးပြတယ်
ဆရာကတော်တော်စိတ်ရှည်တယ် နေ့တိုင်းလဲ လာကြည့်ပေးတယ်
အစာကိုလုံးဝဖြတ်ထားခိုင်းပြီး အရေကြဲကြဲဘဲတိုက်ခိုင်းတယ် နောက်ပြီး
ထမရည်(ထမင်းရည်)ကျဲကျဲတိုက်ခိုင်းတယ် ……လိုအပ်တဲ့ဆေးတွေပေးပြီး
ဆေးလည်းထိုးတယ် တကယ်လို့မသက်သာရင်  ဆေးရုံတင်ဖို့ပြောတယ်

အင်းအတိုချုပ်ပြောရရင် အသိတစ်ယောက်က အရင်လိုဘဲဆေးနည်းလာပြောပြန်တယ်

ကြက်ဥကို ခွဲ အ၀ါနှစ်ကိုဖယ်ပြီးနာနာခလောက်ပြီးတိုက် လို့ပြောလို့
တိုက်ကြည့်တယ် ၁ရက်အတွင်းအအန်ရပ်သွားတယ်၂ရက်အတွင်း ကောင်းသွားတယ်
ဝမ်းလည်းပုံမှန်ပြန်ဖြစ်လာတယ် …….
 
တကယ်စမ်းကြည့်လို့လဲ လူနာတစ်ယောက်မှာ ဘေးထွက်ဆိုးကြိုးမရှိပါဘူး
ကြက်ဥဆိုတာကလဲ အားဆေးတစ်ခွက်ဘဲ မဟုတ်လား ……

အခုဆေးနည်းကိုသုံးရင် ငွေကုန်ကြေးကျနည်းတယ် ဆေးကြောင့် မပျောက်အုန်းတော့
လူကိုအားရှိစေတယ် သုံးကြည့်လို့တစ်ဦးတစ်ယောက် ကောင်းသွားတယ်ဆိုရင်
ကျွန်တော်အသိပေးရကြိုးနပ်တာပေါ့ဗျာ

မေး ထဲရောက်လာလို့  ပြန်ရှယ် လိုက်တာပါဗျာ :)

No comments:

Post a Comment